Mini Lab logo
Mini Lab
App ဖွင့်မယ်

MikroTik Hotspot WiFi Voucher စနစ်
ထုတ်၊ ရောင်း၊ စာရင်းကိုင် — တစ်နေရာတည်းမှာ

Mini Lab က MikroTik router သုံးတဲ့ WiFi ဆိုင်၊ hotspot လုပ်ငန်းတွေအတွက် voucher ထုတ်တာ၊ print ထုတ်တာ၊ ရောင်းအား၊ ဝင်ငွေ စာရင်းကို ဖုန်း app နဲ့ website ကနေ လွယ်လွယ်ကူကူ စီမံနိုင်တဲ့ စနစ်ပါ။

MikroTik hotspot voucher & billing system for Myanmar — vouchers, thermal/A4 printing, QR login, sales reports, PPPoE and Telegram alerts.

လုပ်ဆောင်ချက်များ

🎫

Voucher ထုတ်ခြင်း

Data (GB) နဲ့ အချိန်ကန့်သတ်ထားတဲ့ voucher တွေကို profile အလိုက် တစ်ခါတည်း ထောင်ချီ ထုတ်နိုင်ပါတယ်။

🖨

Thermal / A4 Print

58mm / 80mm Bluetooth printer နဲ့ A4 စာရွက်ကို design အမျိုးမျိုး၊ QR code ပါ ထုတ်နိုင်ပါတယ်။

📱

QR နဲ့ Login

Customer က voucher ပေါ်က QR ကို scan ဖတ်ရုံနဲ့ WiFi ကို တန်း login ဝင်ပါတယ်။

📊

အရောင်း စာရင်း

နေ့စဉ်၊ လစဉ် ရောင်းအား၊ ဝင်ငွေ၊ ဘယ် profile အရောင်းရဆုံးလဲ report တွေ ကြည့်နိုင်ပါတယ်။

⏱

Data / အချိန် ကျန်ရှိမှု

Status page မှာ ကျန်တဲ့ GB နဲ့ သက်တမ်း ကုန်မယ့်အချိန်ကို customer ကိုယ်တိုင် မြင်ရပါတယ်။

🌐

PPPoE အသုံးပြုမှု Link

PPPoE customer တွေ GB ဘယ်လောက် သုံးပြီးလဲ link တစ်ခုနဲ့ ကြည့်နိုင်ပါတယ်။

🔔

Telegram သတိပေးချက်

Router offline / online ဖြစ်တာကို Telegram ကနေ ချက်ချင်း သိရပါတယ်။

👥

ဝန်ထမ်း Account

ဝန်ထမ်းတွေကို role ခွဲပြီး voucher ရောင်းခွင့်၊ print ထုတ်ခွင့် ပေးနိုင်ပါတယ်။

☁️

Cloud Sync

ဖုန်းပြောင်းလည်း data မပျောက်ပါ။ ဘယ်နေရာကမဆို website ကနေ ဆိုင်ကို ကြည့်နိုင်ပါတယ်။

စတင်ပုံ

  1. Account ဖွင့်ပါ — Google account (သို့) email နဲ့ register လုပ်ပါ။ Mini Lab က approve လုပ်ပေးပါမယ်။
  2. MikroTik router ထည့်ပါ — App ကနေ router ကို ချိတ်ပါ။ Router တစ်လုံး = account တစ်ခု ဖြစ်ပါတယ်။
  3. Profile နဲ့ Voucher ထုတ်ပါ — GB / ရက် / ဈေးနှုန်း သတ်မှတ်ပြီး voucher ထုတ်၊ print ထုတ်၊ ရောင်းပါ။

မေးလေ့ရှိသော မေးခွန်းများ

ဘယ် router တွေနဲ့ သုံးလို့ရလဲ?

Hotspot ပါတဲ့ MikroTik RouterOS router တွေနဲ့ သုံးနိုင်ပါတယ်။ Voucher အများကြီး သုံးမယ်ဆိုရင် RAM 256 MB အထက် router ကို အကြံပြုပါတယ်။

Voucher ဘယ်လောက်အထိ ထားလို့ရလဲ?

သာမန် account မှာ voucher + account စုစုပေါင်း 10,000 အထိ၊ VIP member ဆိုရင် 50,000 အထိ ထားနိုင်ပါတယ်။

iPhone နဲ့ print ထုတ်လို့ရလား?

ရပါတယ်။ Bluefy browser နဲ့ Mini Lab website ကို ဖွင့်ပြီး Bluetooth thermal printer နဲ့ ထုတ်နိုင်ပါတယ်။

Internet မရှိရင်ရော?

Router နဲ့ ဆိုင်ထဲမှာ ချိတ်ထားရင် app က voucher ထုတ်၊ print ထုတ်လို့ ရပါတယ်။ Internet ပြန်ရတဲ့အခါ cloud ကို sync လုပ်ပါတယ်။

Mini Lab နဲ့ WiFi လုပ်ငန်းကို ပိုလွယ်အောင်လုပ်ပါ

App ဖွင့်မယ် →